မိုင်းတုံ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်မိုင်းတုံ-တာဆန်းသွားလမ်း၌ ပေ(၉၀)ဗေလီနှစ်လွှာတစ်ထပ်တံတား တည်ဆောက်ပြီးစီးမှုကို တံတားအထူးအဖွဲ့ (၁၂)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ဗေလီနှစ်လွှာတစ်ထပ်တံတား တည်ဆောက်ရာတွင် လမ်းအထူးဖွဲ့(၃)မှ ဦးဘော့ဒို (AE) ဦးစီး၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၌ တံတာနှင့်လမ်းချင်းဆက်အရှည် (၅၅)ပေ၊အမြင့်(၁၄)ပေနှင့်အနံ(၃၄) ပေအားဗေလီတံတားတည်ဆောက်ရန် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပေခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က ပြီးစီးခဲ့၍ ပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဗေလီတံတားပေါ် ဖြတ်သန်းသွားလျက်ရှိကြောင်း သိရသည်။ အဆိုပါဗေလီနှစ်လွှာတစ်ထပ်တံတားတည် ဆောက်ခြင်းကို တံတားအထူးဖွဲ့ (၁၂) ရွှေညောင်မှ ဒုတိယညွှန်ကြားရေးမှူးမြို့ပြ ဦးသန့်ဇင်၊ ဦးစီးအရာရှိ ဦးဇော်လတ်၊ အငယ်တန်းအင်ဂျင်နီယာ ဦးဝေရန်ထွန်းတို့ ဦးစီး၍ ဗေလီနှစ်လွှာတစ်ထပ်တံတား အရှည် (၉၀) ပေ အကျယ်(၁၅)ပေ၊ အမြင့် (၁၀)ပေခွဲ တည်ဆောက်ခဲ့ကြောင်း တံတားအထူးဖွဲ့ (၁၂) တည်ဆောက်ရေးတာဝန်ခံတစ်ဦးထံမှ သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)