မိုင်းတုံမြို့၊ အ.ထ.က မိုင်းတုံ စာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘ/ဆရာ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက  အ.ထ.က မိုင်းတုံ စာသင်ကျောင်းသည် အထက်တန်းကျောင်းဖြစ်သည့်အပြင် ခရိုင်အဆင့်ပါ‌ ပြောင်းလဲ‌နေတာလည်း မိဘပြည်သူများ သိပြီးသားဖြစ်ပါတယ်။ အဓိက တွေ့ဆုံရတာက‌တော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပညာရေးစုံညီပွဲတော် ပြုလုပ်နိုင်ရေးနှင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် မိုင်းဆတ်မြို့သို့ လူရည်ချွန်‌ပြိုင်ပွဲ သွားရောက်ရန်အတွက် ကျွန်တော်တို့အဖွဲ့တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထအစီအစဥ်ဖြင့် ဆောင်ရွက်လိုကြောင်း၊ တစ်နှစ်တာအတွင်း ကျောင်းသား၊ကျောင်းသူများအနေနဲ့ အဖတ်ဖတ်က ကြိုစားအားထုတ်ခဲ့တာကြောင့် တစ်ဖတ်ကနေ ပြန်လည်ဂုဏ်ပြုပေးခြင်းများ‌ ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က ကျောင်းအကျိုး ဆောင်အဖွဲ့၊ မိဘဆရာအသင်းအဖွဲနှင့်‌ ကျောင်းထောက်ပံ့ကြေး ကော်မတီတို့နှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းသည်။ ဆက်လက်၍ တက်ရောက်လာသည့်‌ ကျောင်းကော်မတီအဖွဲ့များနှင့် ကျောင်းသားမိဘများမှ အပြန်အလှန်ဆွေးနွေးပြီးနောက် ကျောင်းကော်မတီအဖွဲ့နှင့် ကျောင်းသားမိဘများ စုပေါင်း၍ ပညာရေးစုံညီပွဲတော်နှင့် လူရည်ချွန်ပြိုင်ပွဲအတွက် အလှူငွေကျပ် (၂၄၂၀၀၀ဝိ) နှစ်ဆယ့်‌လေးသိန်းနှစ်သောင်းကျပ်တိတိတို့ကို လှူဒါန်းရရှိခဲ့ကြောင်း အ.ထ.က မိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)