မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

မင်းလှ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်လင်းက  စိုက်ပျိုး/မွေးမြူရေးကိစ္စရပ်များကို အချိန်မီဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေးဝဲယာများ၌ ချုံနွယ်အမှိုက်များ ရှင်းလင်းကြရန်၊ ဌာနဆိုင်ရာ အဆောက်အဦးများ သန့်ရှင်းရေးပြုလုပ်ကြရန်၊ လုံခြုံရေးအထူးဂရုစိုက်ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရန်တို့ကို ပြောကြားသည်။

ထို့နောက် တတ်ရောက်လာသူများက ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးလိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး‌ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)