ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီး (၉၃) ကြိမ်မြောက် ဘုရားဖြူစာတော်ပြန်ပွဲ တတိယနေ့ ဆက်လက်ဖြေဆို

ပုဇွန်တောင် ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီးမှ သာသနာတော်ထွန်းကားပျံ့ပွားရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် နှစ်စဉ်ကျင်းပမြဲ (၉၃)ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်ရှိ ဘုရားဖြူကျောင်းတိုက်တွင်  တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာတော်ပြန်ပွဲ ပထမနေ့နှင့်ဒုတိယနေ့တွင် စာချတန်း(၄)ပါး၊ အကြီးတန်း(၁၁)ပါးနှင့်အလတ် တန်း (၂၄)ပါး ဖြေဆိုတော်မူပြီး ယနေ့တတိယနေ့တွင် စာဖြေဆိုစာရင်းပေးသွင်းဦးရေ စာချတန်း (၃) ပါးနှင့် အငယ်တန်း (၁၃၅)ပါး ဖြေဆိုလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီးမှ ကြီးမှူးကျင်းပသည့် (၉၃)ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်းကြီးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ရက်အလိုက် ဆွမ်း၊ ဘောဇဉ်၊ ဝတ္ထုငွေနှင့် အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဟန်စုယဥ်