လားရှိုးမြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

လားရှိုး ဧပြီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားပြီး၊ ဗဟိုမဏ္ဍပ်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် မဟာသင်္ကြန်ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြပြီး တေးသံရှင်များက တေးသံသာများ၊ ယိမ်းအကအလှအဖွဲ့များက အကအလှများဖြင့် ဧည့်ခံဖျော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့‌ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)