သီပေါ ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက် ညနေ၅နာရီက မြို့တော်ခန်းမရှေ့ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်က နှစ်သစ်ဆုတောင်းစကားပြောကြားပြီး ယိမ်းအဖွဲ့များအား ဆုတော်ငွေများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ယိမ်းအကအဖွဲ့အားလုံးမှ မြနန္ဒာသီချင်းဖြင့် ညီညာစွာပြိုင်တူကပြဖျော်ဖြေ၍ မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားသို့ အမှတ်(၃)နည်းဗျူဟာအဖွဲ့မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ထက်အောင်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)