နာဂဒေသလေရှီးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိန်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ချယ်ရီဆောင်၌ ယနေ့နံနက် (၉:၃၀)နာရီမှ မွန်းလွဲ(၁၂:၃၀)နာရီအထိ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်လုံး ဆိုင်ရာ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်းသိရသည်။

လဟယ်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ကဗျာ၊ ပုံပြင်၊ ပန်းချီနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများစာအုပ်စာပေဖတ်များကို ဖတ်မှတ်လေ့လာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးလာစေရန်နှင့်လူငယ်များ ဗလငါးတန်ပြည့်ဝသော လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကဗျာ၊ ပုံပြင်၊ ပန်းချီနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၊(၉:၃၀)နာရီအချိန် အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ သတင်းရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများ ခမ်းနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ ၂၀၂၅ ခုနှစ် နှစ်ကူးကြိုဆိုပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များနှင့်မတူ ပိုမိုခမ်းနားထည်ဝါစွာ၊ ရင်းနှီးထွေးနွေး ပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေး အတွက် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေပိုင်းက  လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ ကျောင်းအခြေပြု တီဘီစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ကျော်ခန်းမ၌ ပြုလုပ်သည်။

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေး ဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလဖြစ်သည့် ယမန်နေ့က အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ စည်ကားများပြားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် အောင်နိုင်ဆုများဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ထွန်းမေတ္တာဖူဆယ်‌ဘောလုံးကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(ဖလား) အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to