နာဂဒေသလေရှီးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိန်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

လေရှီး ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ချယ်ရီဆောင်၌ ယနေ့နံနက် (၉:၃၀)နာရီမှ မွန်းလွဲ(၁၂:၃၀)နာရီအထိ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်လုံး ဆိုင်ရာ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်းသိရသည်။

စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်အတွက် “လွတ်လပ်ရေးနှင့် အနာဂတ်မြန်မာ”ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၆)ဦး၊ အလယ်တန်းအဆင့်အတွက် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ လွတ်လပ်ရေးကို ကာကွယ်စို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၆)ဦး၊ မူလတန်းအဆင့်အတွက် "လွတ်လပ်ရေးနေ့တို့မမေ့" ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၇)ဦး စုစုပေါင်း(၁၉)ဦးကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်အတွက် “လွတ်လပ်ရေးနှင့်သမိုင်းပေးတာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၅)‌ဦး၊ အလယ်တန်းအဆင့်အတွက် “ထာဝစဉ်မမေ့အပ်တဲ့ ရာဇဝင်မေ့မြတ်” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ(၅)ဦးစုစုပေါင်း (၁၀) ဦးကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်အတွက် “ဘိုးဘွားချစ်အမွေ အစဉ်ထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ(၆)ဦး၊ အလယ်တန်းအဆင့် အတွက် “ဘိုးဘွားအမွေနှင့်လူငယ့်တာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၂၁)ဦး၊ မူလတန်းအဆင့် အတွက် “လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ(၈)ဦး စုစုပေါင်း(၃၅) ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုလျက်ရှိသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ရွေးချယ်စေလွတ်သော ကျောင်းသား/သူ စုစုပေါင်း (၆၄)ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုလျက်ရှိပြီး ဆုရရှိသည့်ကျောင်းသာ/သူများအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လေရှီး(ပြန်/ဆက်)