နတ်မောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။               

ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ဒီဇင်ဘာ ၂၄ က ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကျိုင်းတုံမြို့တွင် ဆောင်ရွက်သည်။

ရေနံချောင်းမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းနေကြာ ၃၈၀၃ ဧက လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်တွင်းဆီစားသုံးမှု ဖူလုံပိုလျှံစေရန်အတွက် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ လယ်ယာမြေနှင့် ကိုင်းမြေများတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရန် ၃၈၀၃ ဧက လျာထားခဲ့ရာ ၂၂၀၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အိမ်မဲမြို့နယ်တွင် (၅၄)ကြိမ်မြောက် အကြိုစုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းကြီး၏ (၅၄)ကြိမ်မြောက်အကြို စုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း(သဲကွင်း)၌ ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ဒီဇင်ဘာအားကစားပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံပညာကျောင်းများတွင် နေ့ရက်အလိုက် အားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရဲဘော်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အားကစားနည်းမျိုးစုံပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ခရစ္စမတ်နေ့ဝတ်ပြုခြင်းအခမ်းအနားနှင့်မိတ်ဆုံစားပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ခရစ္စမတ်နေ့ဝတ်ပြုခြင်းနှင့်မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မလှိုင်မြို့နယ် Community Centre တွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မလှိုင်မြို့နယ် Community Centre တွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ် မလှိုင် ဒီဇင်ဘာ ၂၆ မျိုးဇော်ဇော်ထွန်း

ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ သရိယဓာတ်တော်များအား ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဘုရားငါးဆူစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to