လဟယ်မြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ကဗျာ၊ ပုံပြင်၊ ပန်းချီနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲကျင်းပ

လဟယ် ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများစာအုပ်စာပေဖတ်များကို ဖတ်မှတ်လေ့လာစေရန်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးလာစေရန်နှင့်လူငယ်များ ဗလငါးတန်ပြည့်ဝသော လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကဗျာ၊ ပုံပြင်၊ ပန်းချီနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၊(၉:၃၀)နာရီအချိန် အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာလဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ဒေါ်ခမ်းမွန်းက လွတ်လပ်ရေးရေးနေ့ ပေါ်ပေါက်လာပုံ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကြကာ လဟယ်မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ အလယ်တန်းအဆင့် ကျောင်းသား/သူများ ကဗျာ(၆)ဦး၊ ပုံပြင်(၅)ဦး၊ပန်းချီ(၂၈)ဦးနှင့် သင်္ချာစွမ်းရည်(၉)ဦး စုစုပေါင်း(၄၈)ဦးယှဉ်ပြိုင်ကြပြီး ဆုများကိုပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ရွေးချယ်ပြီးဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)