သာပေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီဝင်များ အသိပေးဆွေးနွေးပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က ကျောင်းကျန်းမာရေးကော်မတီဝင်များ အသိပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။

မအူပင်မြို့နယ်၊ ရွာသစ်စုကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာ အုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊အောက်ပစ္စယံ၊ နတ်မုခ်(၄)ခု၊ နတ်လှေကား(၄) စင်း၊ ခြင်္သေ့ကြီး(၄)စီးတို့အား ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သား မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊နတ်မုခ်(၄)ခု၊ နတ်လှေကား (၄)စင်း၊ ခြင်္သေ့ကြီး(၄)စီးတို့အား ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သဘာဝအားဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြ

စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်သီးနှံများ ရရှိစေရန်အတွက် သဘာဝအားဆေးနှင့် ပိုးပြေးဆေးပြုပ်လုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ တောင်သူဦးမျိုးထွန်း၏ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်း၌ ကျင်းပသည်။

ချောက်မြို့နယ်တွင် မြို့နယ်အဆင့်‌ ကျောင်းသားအားကစားပွဲ ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်အဆင့်‌ အသက်(၁၈)နှစ်အောက်‌ ကျောင်းသားအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၅ ရက်‌နေ့တွင် စတင်ကျင်းခဲ့ရာ ယနေ့တွင် မြို့နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှ၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့ကိုမမေ့အပ်ပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီကစိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၂၄၅၇ ဧကထိ သိမ်းဆည်းပြီးစီးဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၂၄၅၇ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ၏ ပြောကြားချက်အရ သိရသည်။
Subscribe to