မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။

ကြံခင်းမြို့နယ်၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဥ် (၁/၂၀၂၅) သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဉ်(၁/၂၀၂၅)သန္ဓေ မီးသတ်နှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါရုံးဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ယာယီနေရပ်စွန့်ခွာသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ထိခိုက်လွယ်အုပ်စုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာပေချစ်မြတ်နိုးသူများ ပေါ်ထွန်းလာစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကျေးသီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့သွားရောက်၍ Mobileစနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လက်ပုံစံနှိပ်ယူနည်း(ဆင့်ပွား) အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့နံနက်က ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

နတ်တလင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနက မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။

တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များအသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကသဲစုအခြေခံပညာအလယ်တန်းကျောင်းခွဲသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

ရမည်းသင်းတွင် ကောက်ရိုးထုံးစက် တောင်သူအသိပညာပေး Talk Show ပြုလုပ်

ရမည်းသင်းတွင် ကောက်ရိုးထုံးစက် တောင်သူအသိပညာပေး Talk Show ပြုလုပ် ရမည်းသင်း ဇန်နဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)
Subscribe to