မိုင်းခတ် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကျောင်းသား/ ကျောင်းသူလူငယ်များ ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များရှိစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များတိုးပွားစေရန်နှင့် လူငယ်များကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလဖွံ့ဖြိုးရေးအကြောင်း အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား/ကျောင်းသူလေးများက ပြတိုက်ငယ်(Mini Museum)တွင် ပြသထားသည့် တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများအား စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်သူ့စာကြည့်တိုက်ရှိ မိမိကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)