ဘားအံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အထောက်အကူပြု သိကောင်းစရာများ ဆွေးနွေး

ကရင်ပြည်နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘားအံတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကထိကများ၏ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အင်းစိန်မြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ အသက်ခြောက်လမှ ငါးနှစ်ထိ ကလေးများအား ဗီတာမင်အေ တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက်ခြောက်လမှ ငါးနှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂ ရက် နံနက်  ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီအခက် အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ကန့်ဘလခရိုင်စုပေါင်းရုံး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

တွံတေးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဘိုကလေးမြို့နယ်၌ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပ

၂၀၁၇ ခုနှစ်မှစတင်၍ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် “အနာဂတ်ဘဝဖူလုံဖို့ ရေဝပ်ဒေသများကာကွယ်စို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ ဝိနယာဓိကစာမေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝိနယာဓိက စာမေးပွဲကို အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နေ့လယ် ၁၂ နာရီတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ထားဝယ်တက္ကသိုလ်၌ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Subscribe to