ရန်ကင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်ရန်ကင်းမြို့နယ်မြို့မစာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာရေးဆရာ‌မခြယ်မှုံးသီရေးသားသည့်ကြိုးလေးတစ်မျှင်နှင့်ဘာသာပြန်ဆောင်းပါးဝတ္ထုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် စာရေးဆရာမကြီးဒေါ်ကြူကြူသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုရှင်းလင်းပြော​ကြားဆွေးနွေးသည်။ ဆက်လက်၍ စာရေးဆရာမ ခြယ်မှုံးသီက မိမိရေးသားသည့် ကြိုးလေးတစ်မျှင်နှင့်ဘာသာပြန်ဆောင်းပါးဝတ္ထုများ” စာအုပ်မှ “ရှင်သန်ခွင့်လက်ဆောင်” ခေါင်းစဉ်ပါအကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဒေါ်‌အေးပွင့်နှင့်‌ဦးရဲဝင်းကျော်တို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)