တောင်ငူမြို့၌ မီးလောင်မှုဖြစ်ပွား

တောင်ငူ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်()ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ ရန်ကုန်- မန္တလေးလမ်းဘေးရှိ အောင်ချမ်းသာ ကား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် (၅၀×၄၀)ပေ သွပ်မိုး၊ အုတ်ညှပ် ()ထပ်ဆိုင်တွင် ယမန်နေ့ညနေ(:၅၂)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားနေမှုကို တာဝန်သိပြည်သူတစ်ဦးက မြို့နယ်မီးသတ်ဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်သတင်းပေးမှုကြောင့် တောင်ငူခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်()စီး၊ မီးသတ်ရေသယ်ယာဥ်()စီး၊ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်()စီး၊ ကေတုပရဟိတအသင်းမှ ရေသယ်ယာဥ်()စီး၊ မဟာမေတ္တာပရဟိတအသင်းမှ ရေသယ်ယာဥ်()စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဥ်()စီး၊ ရေသယ်ယာဥ်()စီး၊ သန္ဓေတပ်ဖွဲ့ဝင်(+၂၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ထွက်ခွာသွားရောက်၍ ရေဂါလန်(၁၅၀၀၀)ခန့်အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ရာ(၁၈:၀၀) နာရီအချိန်ခန့်တွင် မီးထိန်း၍ (၁၈:၀၅)နာရီအချိန်ခန့်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ လျှပ်စစ်မီးပြတ်တောက်နေစဥ် 20 KW မီးစက်ဖြင့် အသုံးပြုထားရာမှ ဆိုင်၏အပေါ်ထက်ရှိ လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကာ အဆောက်အဦအပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးပေါ့ဆသူ မန်နေဂျာဦးသန့်ဇင်ဦး()ဦးမြင့်အေးအား တောင်ငူမြို့၊ အမှတ်()ရဲစခန်းမှ () ၂၈/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းနှင့် လူ၊ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း တောင်ငူမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)