နတ်တလင်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့မရပ်ကွက်တာပွန်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၂၀၁.၂၄)သန်းဖြင့် အရှည် ၁၈၉၀ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၆ လက်မထုဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)