မိုင်းပျဉ်းမြို့တွင် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲ ကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လိုင်စင်စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်မေနှင့် မိုင်းပျဉ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ဆက်လက်၍  မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် စည်းကမ်းချက်များနှင့် သားသတ်စည်းကမ်းချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လိုင်စင်ဆွဲရန် လာရောက်လျှောက်ထားသူများက မရှင်းလင်းသည်များ မေးမြန်းကြရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သော မြို့ဝင်/ထွက်ဘီးကောက်၊ မြို့မပျံကျစျေးကောက်နှင့် သားသတ်လိုင်စင်များဖြစ်သော မြို့မ အမဲ/ဝက်၊ ကျေးလက်အမဲ/ဝက်ရောင်းချခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင် စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ လိုင်စင်ဆွဲရန်လာရောက်လျှောက်ထားသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)