မိုးနဲ ဖေဖော်ဝါရီ ၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကုန်းလွန်းကျေးရွာအုပ်စု၊ လွိုင်ချိုကျေးရွာရှိ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းမှရရှိလာမည့် အကျိုးများကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြသည်။
ထို့နောက် ချိတ်ဆွဲပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ခရီးစဉ်မှတ်တမ်းပုံများနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး နံရံကပ်စာစောင်များကို ဒုတိယဦးစီးမှူးက ရှင်းလင်းပြောကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)