နတ်မောက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဉာဏပြိုင်ပွဲများ ကျင်းပ

နတ်မောက်  ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ဉာဏပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန်နှင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများကို  ရှင်းလင်းပြောကြားသည်။ မြို့နယ်အဆင့် ဉာဏပြိုင်ပွဲဖြစ်သည့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း(အောင်ဆန်း)ကျောင်း၊ အခြေခံပညာအခြေခံပညာအထက်တန်းကျောင်း(ခ)အိုးဘို၊ အလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူများက “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးစို့" ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် နေ့လယ်ပိုင်းတွင်  "ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံး ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့် ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)တွင် ကျင်းပမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း