ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနိုင်းဆွေးနွေး

မင်းလှ ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ညနေ ၃ နာရီချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေများရရှိအောင် ဆောင်ရွက်ရေး၊ နွေစပါးများပန်းတိုင်အထွက်နှုန်း ပြည့်မှီစွာထွက်ရှိရေးဆောင်ရန်နှင့် လုံခြုံရေးကိစွရပ်များ အလေးထားဆောင်ရွက်နိုင်ရေးကို‌ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပြောကြား၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)