နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးအောင်ဇေယျ နေပြည်တော်အတွင်း နွေစပါးထွန်ယက်နိုင်ရေး စက်သုံးဆီရောင်းချနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများနွေစပါး ထွန်ယက်နိုင်ရေးအတွက် စက်သုံးဆီများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ယနေ့နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်ရှိ  ကွမ်းခြံကျေးရွာ၊ အေးချမ်းသာကျေးရွာ၊ ပင်သောင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ၊ နတ်သရဲကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ကျည်တောင်၊ ကြို့ပင်၊ လေသာကျေးရွာများသို့ တောင်သူများအား တစ်ဧကတစ်ဂါလံနှုန်း၊ တစ်ဂါလံလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တိုက်ရိုက်လာရောက်ရောင်းချပေးလျက်ရှိရာ လာရောက်ရောင်းချနေမှုအား နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးအောင်ဇေယျတို့မှ ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး အလေးထားကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း  ၂၀၂၅-၂၀၂၆ ခုနှစ်နွေစပါးစိုက်ပျိုးရန် စီမံကိန်းလျာထားဧက ၂၈၀၀၉ ဧကအနက် ဒေသလျာထား ၄၀၁၆၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ ၂၇၅၇၂ ဧက စိုက်ပျိုးပြီးစီးလျက်ရှိရာ နွေစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ရန် ဧက ၅၀၄၂ ဧကအတွက် စက်သုံးဆီများအား အဆိုပါကျေးရွာများရှိ တောင်သူများထံသို့ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူများက တစ်ဧကတစ်ဂါလံနှုန်းသတ်မှတ်၍ တစ်ဂါလံလျှင် ငွေကျပ်တစ်သောင်းကျပ်နှုန်းဖြင့် တိုက်ရိုက်လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)