ဗိုလ်တထောင်မြို့နယ်၌အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

ဗိုလ်တထောင်   ဧပြီ   ၁၈

ဗိုလ်တထောင်ခရ်ုင်၊ဗိုလ်တထောင်မြို့နယ်ပမှတ်( ၄ )ရပ်ကွက်ဓမ္မာရုံ၌ ၁၃၈၈ခုနှစ် မြန်မာနှစ်ဆန်း၁ရက် ညနေက ဗိုလ်တထောင်မြို့နယ်အတွင်း ပြည်သူများဘေးအန္တရာယ်  ကင်းဝေးစေရန်ရည်ရွယ်၍     အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည်။ 

ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလဝံသထံမှ သီလ ပေးတရားတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူကာ   သံဃာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်ဇနီးဒေါ်ခင်ညွန့်၊ တာဝန်ရှိသူများမှလှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ထံမှလှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရသည်။

ခင်ဝင်း(ပြန်/  ဆက် )