(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်အပါ ဘက်စုံသုံးခန်းမဖွင့်ပွဲ ပြုလုပ်

ရပ်စောက် ဖေဖော်ဝါရီ ၁၀

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) ပြည်ထောင်စုခွင့်ပြုငွေရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မကျီးကုန်းကျေးရွာအုပ်စု၊ နောင်တခေါကျေးရွာ စာကြည့်တိုက်အပါဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်း (၅၀'×၂၇'×၁၂') ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နောင်တခေါကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က နောင်တခေါကျေးရွာ(VDP)ကော်မတီသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပြီး ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)