ဖောင်းပြင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဖောင်းပြင် ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနကြီးမှူး၍ သစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဖေဖော်ဝါရီလ (၆)ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က မီးခိုး/မြူငွေ့ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်မှုနှင့်ပတ် သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မွန်ထွေးက အသိပညာဗဟုသုတများရရှိရေး ဟောပြောပွဲပြုလုပ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သန်းကိုက သစ်တောသယံဇာတနှင့် ဇီဝမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာနည်းလမ်းများ၊ ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးနည်းလမ်းများ၊ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းတို့ကြောင့် မီးခိုး/ မြူငွေ့ညစ်ညမ်းမှုနှင့် Fire Hosposts မြှင့်တက်မှုတို့ ဖြစ်ပေါ်နိုင်သည့်အတွက် ယင်းဖြစ်စဉ်များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများကို ရှောင်ရှားရေးနှင့် ပတ်သက် ၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးချစ်ဝင်းက လယ်ယာထွက် စွန့်ပစ်ပစ္စည်းများအား မီးမရှို့ဘဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ ပြန်လည် အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးလွင်ထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာနေ ပြည်သူတို့က သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးကြပြီး မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)