ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြော၊ ပုံပြင်ပြော၊ ပန်းချီ၊ စာစီစာကုံး၊ စကားပုံဆက်နှင့် ဖတ်မှတ်စွမ်းရည်‌ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲများ နှစ်စဉ်ကျင်းပရခြင်း အကြောင်းအရာများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဟောပြောသည်။

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ ကျပန်းစကားပြောပြိုင်ပွဲတွင် (၉)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် (၉)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် (၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၆)ဦး၊ စကားပုံဆက်ပြိုင်ပွဲတွင် (၁၆)ဦးနှင့် ဖတ်မှတ်စွမ်းရည်‌ပြိုင်ပွဲတွင် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ လူငယ်ရေးရာ ဗလငါးတန်ဖွံ့ဖြိုးရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)