ကျုံပျော် ဖေဖော်ဝါရီ ၁၀
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များအား ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ လူငယ်မောင်မယ်များ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် အပြေးပြိုင်ပွဲ၊ အမြင့်ခုန်နှင့် အလျှားခုန် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ကျုံပျော်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခြင်းလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိပြီး ထမနဲထိုးပြိုင်ပွဲကိုလည်း ပြိုင်ပွဲဝင်အဖွဲ့ပေါင်း(၉)ဖွဲ့ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)