ပင်လောင်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်

ပင်လောင်း ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းပါဝင်ယှဉ်ပြိုင်ကြပြီး လေးသင်းနှစ်စုခွဲကာ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ‌ထို့နောက် ယမန်နေ့မွန်လွဲပိုင်းတွင် ပိုက်ကျော်ခြင်းဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်ရာ စံလင်းတို့အတွဲက ပူစူးတို့အတွဲအား နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း၊ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ပထမဆုနှင့် ဒုတယဆုရရှိသည့် ပိုက်ကျော်ခြင်းအသင်းအား ငွေသားဆု၊ ဆွဲပြားဆုနှင့် ဆုဖလားပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)