ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများအား ဖေဖော်ဝါရီ()ရက်နေ့မှ(၁၂)ရက်နေ့အထိ တစ်ပတ်တာ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်()နာရီအချိန်တွင် အဆိုပါကောလိပ်၊ အားကစားခန်းမ၌ ဆုချီးမြှင့်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲသို့ ဘိုကလေးပညာရေးကောလိပ်မှ ဆရာ/မများ၊ သင်တန်းသား/သူများ၊ အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အသင်းအလိုက် အားကစားမောင်/မယ်များ  တက်ရောက်ကြပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ဌာနကြီးမှူး ဦးကျော်လွင်ဦးက ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ထောင်ဖို့ရာ အရည်အသွေးပြည့်ဝသော လူငယ်များ၏အားအင်များသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့အားကစားပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားသမားများကလည်း အားကစားသရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အားကစားပြိုင်ပွဲ၌ ယှဉ်ပြိုင်ခဲ့ကြသော ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲများအလိုက် ဆုရရှိသည့် အသင်းများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)