လွိုင်လင် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင်မူလတန်းကြိုကျောင်းတွင် ကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ လွိုင်လင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က အမှာစကားပြောကြားပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းသစ်ဦးက ကလေးများအထိမ်းအမှတ် ကာယဉာဏပြိုင်ပွဲကျင်းပပေးရခြင်းနှင့်ပတ်သက်၍လည်းကောင်း ကလေးများအား နည်းစနစ်မှန် ပြုစုပျိုးထောင်ပေးရမည့် နည်းလမ်းများကိုလည်းကောင်း ပြောကြားသည်။ ဆက်လက်၍ သားသား/မီးမီးများ၏ ကာယဉာဏပြိုင်ပွဲများကို အကြီးတန်းနှင့်အငယ်တန်းပြိုင်ပွဲများ ကျင်းပပေးပြီး ဆုရရှိကြသူများအား လက်ထောက်ညွှန်ကြားရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကော်မတီဝင်များက အသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။
လွိုင်လင်မိုး