တောင်ကြီး ဖေဖော်ဝါရီ ၁၃
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရှမ်းရိုးမစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းရိုးမစာကြည့်တိုက်အား မြို့နယ်ပညာရေးမှူး၊ ဆရာကြီး ဦးအောင်လှိုင်ထွန်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်စိုး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသားဟောင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးဝင်းတင့်နှင့် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသားဟောင်း ကျောင်းအကျိုးတော်ဆောင် ဦးဝင်းတင့်က အမှာစကားပြောကြားသည်။ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံပယ်စိုး ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဧည့်သည်တော်များသည် စာကြည့်တိုက်အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်၊ တောင်ကြီး(ပြန်/ဆက်)