ဟင်္သာတ ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေ နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်လူမူဝန်ထမ်းဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေက" သင်တန်းအား ပါဝင်တက်ရောက်ခြင်းဖြင့် ကျန်းမာရေးအသိပညာဗဟုသုတများကို ကိုယ်တိုင်သိရှိနားလည်လာပြီး မိမိတို့ရပ်ရွာ၊ လုပ်ငန်းခွင်အတွင်း အဆင့်ဆင့်ပြန်လည် မျှဝေခြင်းများဆောင်ရွက်နိုင်ရန်အတွက် သင်တန်းအား ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး သင်တန်းသားများမှလည်း မိမိတို့ရပ်ရွာဒေသ၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းလိုကြောင်းနှင့် သင်တန်းတက်နေစဉ်တွင်လည်း ပူးပေါင်းပါဝင်ဆွေးနွေးပေးကြပါရန်" စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အိအိခင်က မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် သင်တန်းသူများအား တာဝန်ရှိသူများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအတွက် အာဟာရ အသိပညာပေးသင်တန်းအား ဆက်လက်ပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)