ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်

ဆီဆိုင် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်၍ မြို့နယ်ရှိ အားကစားကွင်း၊ ခန်းမ၊ အ.ထ.ကကျောင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး(ကျား/မ)၊ ဘောလီဘော(ကျား/မ)၊ စားပွဲတင်တင်းနစ်(ကျား/မ)၊ Fitness dance Aerobin(မ) အားကစာနည်းများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ် ၁၅ ရက်နေ့အထိ၊ မြန်မာ့သိုင်း (ကျား/မ) အားကစားနည်းကို မတ်လ  ၂၂ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ စသည့်အားကစားနည်း(၅)မျိုးကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများအား ဆီဆိုင်မြို့နယ်အတွင်းရှိ အားကစာဝါသနာပါသူ/စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့်  ဆီဆိုင်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ ဖုန်း(၀၉၇၉၈၂၅၅၄၉၀)အား ဆက်သွယ်၍ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)