ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပရာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မရမ်းခုံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြတ်ထက်က အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံ၍ထူးချွန်ထက်မြက်သည့် လူရည်မွန်လေးများ ဖြစ်ပေါ်လာစေရန်၊ စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတများကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပြန်လည်မျှဝေဆွေးနွေးအသုံးချတတ်စေရန်၊ စာပေစွမ်းအားဖြင့် နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တိုးတက်အောင် ဆောင်ရွက်နိုင်စေရန် အသိပညာပေးဟောပြောသည်။
ယင်းနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်ပြဘုတ်များ၊ ဗလငါးတန်ဖွံဖြိုးစေရေး နံရံကပ်ပြဘုတ်များကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)