ညောင်ရွှေမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ညောင်ရွှေ ဖေဖော်ဝါရီ ၁၉

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ညောင်ရွှေမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာကြသည့် ရပ်ကွက်အသီးသီးရှိ ပြည်သူများနှင့် ဌာနဆိုင်ရာ မိသားစုဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

၎င်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူ(၁၅၅၈၄)ဦးအတွက် တစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၃၁၁၆၈၀၀၀၀)ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ