သာ​​ကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေး

သာကေတ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာကေတမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိ၊ သတိပေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်အလိုက် မြေပြင်ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ (၄:၀၀) နာရီအချိန်က သာကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း ဦးဆောင်၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် သာကေတမြို့နယ်၊ ၄/​​မြောက်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် ၆/အရှေ့ရပ်ကွက်ရှိ၊ မြို့နယ်ကော်မရှင်ရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း ဦးဆောင်သည့်အဖွဲ့က မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအ​​ခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရမည့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အကြံပြုခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)