လှည်းကူး ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်လုံခြုံစေရေးအတွက် ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးယုလွင် ဦးဆောင်သောအဖွဲ့သည် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ ရုံးများဖြစ်သော ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများသာမက ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လူနေအိမ်များပါမကျန် လိုက်လံစစ်ဆေး၍ အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)