ရန်ကင်း ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီက တတ်ကျွမ်းမှုအခြေပြုမေးခွန်းတည်ဆောက်ခြင်း၊ အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာအေးဖြူဇင်က မိမိတို့ ဆရာ၊ ဆရာမများအနေဖြင့် နောင်အနာဂတ်ဝယ် တိုင်းပြည်အတွက် ကျရာတာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမည့် လူငယ်များကို မွေးထုတ်သင်ကြားပေးရသည့်အတွက် တတ်ကျွမ်းမှုအခြေပြုမေးခွန်းတည်ဆောက်ခြင်းများ၊ အကဲဖြတ်ခြင်းဆိုင်ရာများကို ယခုကတည်းက လေ့ကျင်သင်ကြားသွားကြရန်များကို အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ တတ်ကျွမ်းမှုအခြေပြုမေးခွန်းတည်ဆောက်ခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းသို့ ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်း(၂၅) ကျောင်းမှကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှလှထွေး