ရေဖြူ၌ (က)ရပ်ကွက်ရှိနေအိမ်နှင့်ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေဖြူ  ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၈နာရီ၌ (က)ရပ်ကွက်ရှိ နေအိမ်နှင့် ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်ကိုမင်း ဦး‌ဆောင်၍(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း နေအိမ်နှင့်ဈေးဆိုင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ ရေအိုး/ရေစည်/ရေကန်များ ရေသိုလှောင်ထားမှုစစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို အိမ်ရှင်နှင့် ဈေးရောင်းချသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌အောင်ကိုမင်းထံမှ သိရသည်။

ခတ္တာ