ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူ အမျိုးသမီးအသင်း(Women Club)အသင်း အဖွဲ့ဝင်များဖြစ်ကြသည့်  ဒေါ်ထက်မျက်လွင်၊ ဒေါ်မေမြတ်ဦးခင်၊ ဒေါ်နီနီလွင်၊ ဒေါ်သက်မှူးခိုင်တို့က စာရေးဆရာ အောင်သင်းရေးသားသော “အတွေ့အကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအနက်မှ မိမိတို့ ကြိုက်နှစ်သက်ရာ တစ်ခုချင်းအလိုက် ဖတ်ကြားဆွေးနွေးကြကြောင်း သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)