ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်ကျင်းပပြုလုပ်သည်။

စည်းလုံးမှုဖြင့်အောင်မြင်မှုရရှိစေသည်ကို သိရှိနားလည်စေရန်နှင့်ချစ်စဖွယ်မြန်မာ့ရိုးရာဓလေ့အား ရိုးရာမပျက်ဆက်လက်ထားရှိစေရန်အတွက် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ထမနဲထိုးပြိုင်ပွဲသို့ ဘာသာရပ်ပေါင်းစုံ(၁၄)ဌာနတို့မှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကိုလည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲတွင်ပထမဆုရရှိသည့်  ရူပဗေဒဌာန၊ ဒုတိယဆုရရှိသည့် ဓာတုဗေဒဌာန၊ တတိယဆုရရှိသည့်  မြန်မာစာဌာနနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့်ပြိုင်ပွဲဝင်ဌာန(၁၁)ဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများအား ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)