ဒိုက်ဦးမြို့နယ် ရှမ်းကျွန်းကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဒိုက်ဦး ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းကျွန်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းကုန်းကျေးရွာအုပ်စု၊ ရှမ်းကျွန်းကုန်းကျေးရွာသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁/၂၀၁၉)လမှ (၁/၂၀၂၅)လအထိ စီမံကိန်းစုစုပေါင်း အတိုးရငွေမှာ ငွေကျပ်(၂၈၂.၃၀၂၀ဝ)သိန်းဖြစ်ပါသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၏(၅၀%)ဖြစ်သော ငွေကျပ်(၁၄၁.၁၅၀၀၀)သိန်းမှ ငွေကျပ်(၁၄၀,၀၀၀၀၀/-)သိန်းဖြင့် ရှမ်းကျွန်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း (၁၃၀၇'x ၁၂' x ၆'')ဂဝံခင်းခြင်း ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းအား ငွေကျပ်(၁၀,၀၀၀၀၀/ )သိန်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)