ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနတွင် ပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန ပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှစ်ဆုံးကျောင်းတွင်း စစ်ဆေးခြင်းစာမေးပွဲ နောက်ဆုံးနေ့ (သိပ္ပံ)ဘာသာရပ်ဖြေဆို

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်  အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို  ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားရာ နောက်ဆုံးနေ့(သိပ္ပံ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ်သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄) “မဲခေါင်း-လန်ချန်း ယဉ်ကျေးမှုအစီအစဉ်(၂၀၂၄) မြန်မာနိုင်ငံ” ပန်းချီအနုပညာ ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) အစီအစဉ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကဆောင်ရွက်သည့် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် (၂၀၂၄)မြန်မာနိုင်ငံ ”ပန်းချီ  အနုပညာပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ပုဂံမြို့ရှိ  ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက် (၁ဝ) နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ နမ့်တာပီးကျေးရွာခန်းမ၌ ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ စာကြည့်တိုက်ကော်မတီများဆွေးနွေးပွဲနှင့် လစ်လပ်နေသည့် စာကြည့်တိုက်ကော်မတီများဖွဲ့စည်းခြင်း၊ Book Club ကော်မတီအသစ်ဖွဲ့စည်းခြင်းပြုလုပ်

စာကြည့်တိုက်များပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စာကြည့်တိုက်ကော်မတီများဆွေးနွေးပွဲနှင့် လစ်လပ်နေသည့်စာကြည့်တိုက်ကော်မတီအသစ်ဖွဲ့စည်းခြင်းနှင့် လစ်လပ်နေသည့် Book Club ကော်မတီအသစ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre)ခန်းမတွင်ပြုလုပ်သည်။

တောင်တွင်းကြီးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ မြို့ပေါ် (၁၀)ရပ်ကွက်အတွင်း ဖွင့်လှစ်ထားရှိသည့် အရက်ဆိုင်များနှင့် စားသောက်ဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် မီးဖိုအနီးလောင်စာများ ရှင်းလင်းထားရန်၊ မီးကျန်များမရှိစေရေး ဂရုပြုရန်၊ ဓာတ်ဆီ၊ ဒီဇယ်နှင့် အရက်ဆီ တရားမဝင်သိုလှောင်ရောင်းချခြင်းမပြုရန်၊ ဟောင်းနွမ်းဆွေးမြေ့သော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို အသင့်အသုံးပြုနိုင်ရေးထားရှိရန်၊ မီးကို သတ်မှတ်ချိန်အတွင်း၌သာ အသုံးပြုကြရန် စသည်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လိုက်လံစစ်ဆေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ် ကျီးအင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျီးအင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to