မိုင်းစံမြို့တွင် Biometric(ဇီဝဆိုင်ရာ)အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းစံ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ eID တာဝန်ခံ ဒုလဝကမှူး ဦးစိုင်းမျိုးကျော်နှင့် ဝန်ထမ်းများအဖွဲ့က မိုင်းစံမြို့ မြို့ပေါ်နှင့် ကျေးရွာနေ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား ပထမနေ့ Biometric UID စာရင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီအား စက်ကိရိယာဖြင့် မျက်လုံးစကန်ဖတ်ခြင်း၊ စက်ကိရိယာဖြင့် လက်ဗွေစကန်ဖတ်ခြင်းနှင့် မျက်နှာစကန်ဖတ်ခြင်းများဆောင်ရွက်ပြီး အတည်ပြုပုံစံများဖြည့်သွင်း၍ ချက်ခြင်းထုတ်ပေးခြင်းကို ပထမနေ့တွင် ကျား (၄၅)ဦး၊ မ (၄၅)ဦး စုစုပေါင်း (၉၀)ဦး ဆောင်ရွက်ပြီးစီးကြောင်း နောက်နေ့များတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူမှုအင်အားဦးစီးဌာနမှ eID တာဝန်ခံ ဒုလဝကမှူး ဦးစိုင်းမျိုးကျော်ထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)