ကွန်ဟိန်း ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတန်းတင်စာမေးပွဲဖြေဆိုမည့်ကာလအတွင်း မီးဘေးအန္တရာယ်များမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးဝေလင်းသန့်တို့မှ ကျောင်းအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းမှု စနစ်တကျရှိစေရေးကို လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)