နတ်မောက်မြို့နယ် မြို့မဈေးတွင် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နွေရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။