ဇမ္ဗူသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများအား ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ခွေးရူးရောဂါဖြစ်သော ခွေး၊ ကြောင်တို့မှ လူ(သို့မဟုတ်)တိရစ္ဆာန်သို့ ကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် ခွေးလေခွေးလွင့်ကောင်ရေလျှော့ချရေး၊ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူကိုယ်တိုင် မိမိ၏တိရစ္ဆာန် (ခွေး၊ ကြောင်)များကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်သည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် တိရစ္ဆာန်မှတဆင့် လူသို့ကူးစက်ခြင်း၊ တိရစ္ဆာန်အချင်းချင်း ကူးစက်ခြင်းများကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ယမန်နေ့တွင် သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)