ပင်လုံ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မူလမင်းကွန်းဇေတဝန် သာသနာ့မာန်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး အနီးကပ်အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မူလမင်းကွန်းပန်မုန့်ကမ္မဋ္ဌာန်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ “နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကိုစတင်ခဲ့ပြီး ဘဒ္ဒန္တ သုဝရ(ရွှေလီ မောဝ်ခမ်းကျောင်းတိုက် လားရှိုးမြို့)၊ ဘဒ္ဒန္တ သြစိဏ္ဏ(မွေတော်ကျောင်း ပင်လုံမြို့)၊ ဘဒ္ဒန္တ ဝိစာရဒ တိုက်အုပ်ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြသည်။
ဆက်လက်၍ ပွဲတော်ဖြစ်မြောက်ရေးကော်မတီတစ်ဦးမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးထွန်းမြင့်နိုင်မှ အမှာစကားပြောကြားခြင်း၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်းနှင့် PNO အဖွဲ့ ပင်လုံဆက်ဆံရေးရုံး တာဝန်ခံဗိုလ်ကြီးတို့မှ အသီးသီးအမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီများနှင့် အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ အတည်ပြုခြင်း၊ ပွဲတော်ကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဆရာတော် သံဃာတော်တို့အား သြကာသကန်တော့ချိုးဖြင့်ကန်တော့၍ ဆရာနှင့် ဒကာ ဗုဒ္ဓသာသနံစီရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)