မိုင်းတုံ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ်များအတွင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိုင်းဆတ်မြို့နယ်၌ ဆောင်ရွက်သည့် နားကော-မယ်ဆတ်-ကျတီတာစုလမ်းနှင့် နာမ (၂) ကျေးရွာသွားလမ်း ကတ္တာရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မိုင်းတုံမြို့နယ်အတွင်း ဆောင်ရွက်သည့် မဲကင်(ဝမ်မိုင်)-နာပါကော်လမ်းနှင့် နမ့်ဟူခွန်ကျေးရွာသွားလမ်း ကတ္တာရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းကျော်မျိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်း၊ ရုံးချုပ်အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်း၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)