ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ပြည်ကြီးတံ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်ရှိ ရန်အောင်ဈေးတွင် ယနေ့နံနက် (၆) နာရီအချိန်မှစ၍ မြို့တော်စည်ပင်မှ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရောင်းချပေးရာတွင် အခြေခံစားသောက်ကုန်သက်သာအရောင်းဆိုင်မှ ဗိုလ်ကြီးထက်နေမျိုးဦးစီး၍ ရပ်ကွက်နေပြည်သူများအား ဝက်သား (၁) ပိဿာ ၂၄၀၀၀ ကျပ်နှူန်းဖြင့်လည်းကောင်း၊ ဆိတ်သား (၁) ပိဿာ ၂၈၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ အမဲသား (၁) ပိဿာ ၂၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ငါး (၁) ပိဿာ ၈၅၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆီ (၁) ပိဿာ ၈၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆန် (၃) ပြည် ၁၀၀၀၀ ကျပ်နှုန်းနှင့်ကြက်သား (၁) ပိဿာ ၁၅၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းချိုသာစွာ ရောင်ချပေးနေကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)